Friday, May 8, 2015

ပြောဇာတ် -၂ ရန်လင်းအောင်


ပြောဇာတ် - ၂

• • • • • • • • •
ညောင်သီးတွေပိုင်လိုဇောနဲ့
်" ဒါ ငါ့ဟာ ဒါ ငါ့ဟာ "
သူ့အော်သံ သူ့အမည်ပေါက်နဲ့ မယှကငှက်ပါ ။

သူ့ထက်ငါအပြိုင်းအရိုင်း
တခြားငှက်တွေဝင်စားနေလည်း
" ဒါ ငါ့ ဟာ … ဒါ ငါ့ ဟာ "
အသံမစဲတသဲသဲ သူအော်ကောင်းတုန်းပဲ ။

ညောင်သီးတွေ ကုန်သာသွားရော
" ဒါ ငါ့ ဟာ … ဒါ ငါ့ ဟာ "
တစာစာအော်ရင်း ကျန်ခဲ့ရှာ
ညောင်ပင်အခွံပေါ်မှာ ။

           ရန်လင်းအောင်
              ၂ . ၅ . ၂၀၁၅
၅၅၀ နိပါတ်တော် မယှကဇာတ်ကိုမှီးသည် ။

No comments:

Post a Comment