Saturday, July 25, 2015

ပြောဇာတ် ၅ ၊ ရန်လင်းအောင်


ပြောဇာတ် ၅

________________________
ဘယ်ရပ်ဘယ်ရွာရောက်ရောက်
သူ့ဝန်တင်မြည်းကိုခြင်္သေ့အရေခြုံပေးပြီး
နီးရာလယ်စိုက်ခင်းထဲလွှတ်ကျောင်းထားတတ်တဲ့
ကုန်သည်တယောက်ဟာ ……
သူလည်း အထာကျ သူ့မြည်းလည်း အစာဝ
ခြသေ့င်္ထင်ပြီး လယ်သမားတွေအနားမကပ်ရဲလို့
အရေခြုံနဲ့ ဟန်ကျနေတာ ကြာပေါ့ ။

ဒီလို လုပ်စားရင်းနဲ့
ရွာတရွာအရောက်မှာ လယ်စောင့်တွေက
အရေခြုံမှန်းမသိ ခြင်္သေ့ထင်ပြီး ကြောက်ကြောက်နဲ့
ရွာပြန်ပြေး လူစု လက်နက်စု
ညာသံပေးဝိုင်းလိုက်ကြတော့
လန့်ဖျန့်ပြီးအော်ပြေးလိုက်တာ
ဘာအရေခြုံခြုံ မူမှမမှန်ဘဲ
မြည်းက မြည်းသံပဲထွက်တာပေါ့  ။

အရေခြုံလည်းကျွတ်ကျ
မြည်းသံလည်း ကြားရတော့
ဘာပြောကောင်းမလဲ လယ်သမားတွေ
အသေဝိုင်းရိုက်လိုက်ကြတာ
ခြင်္သေ့အရေခြုံနဲ့ လယ်စိုက်ခင်းတွေထဲ
မသဒ္ဓါရေစာအချောင်ခိုးစားခဲ့တဲ့မြည်း
ဒီတချီတော့ ပွဲချင်းပြီးပဲ ။ ။

                               ရန်လင်းအောင်
                                 ၁၇ ၇ ၂၀၁၅
                     ဒုကနိပါတ် ၊ အသဒိသဝဂ်
                       သီဟစမ္မဇာတ်တော်ကို
                                 မှီးသည် ။

No comments:

Post a Comment