Saturday, July 25, 2015

ငါတို့ခေတ်ထဲ ရေတွေကြီးလို့ ၊ မောင်သော်တာ


ငါတို့ခေတ်ထဲရေတွေကြီးလို့

____________________
သူငယ်ချင်း မင်း ပျော်ရဲ့လား
ဒီဂျေပွတ်သံထဲမှာအကုန်လန်ထွက်နေပြီ/မင်းကြည့်လိုက်
မီးရောင်ပြာလဲ့လဲ့ဟုန်းဟုန်းထ
သူ့ကိုငါမသိ/ငါ့ကိုသူမသိလည်းညှိလို့ရရင်ငြိလို့ရတယ်/မင်းကြည့်လိုက်
ဖိုးလမင်းကိုအောင်သွယ်ခိုင်းခဲ့ရတာလွမ်းစရာ
မအိပ်သေးတဲ့ဟန်းဆက်တွေlineပေါ်မှာလိုင်းဆန်ဆန်/မင်းကြည့်လိုက်
အသံထဲမှာသံဝါသပြုလို့/အဝေးကလှမ်းကလိ'နေတဲ့အရေပြားတွေ/မင်းကြည့်လိုက်
တခါက'အဝေးပြေးကားဆရာတွေရဲ့ဟာသလို"လမ်း/လိုင်း ပေါ်မှာလင်ယူသားမွေးကလေးတစ်ဒါဇင်ပါမောင်
တကယ်ဆို
မီးနဲ့ရေ ပြုပြင်ခဲ့တဲ့ကမ္ဘာကြီး
တညီးညီးတသွင်သွင်တောက်လောက်စီးဆင်းနေဆဲပဲ
မင်း
ပျော်မှာပါ
ဒီဂျေခေတ်ကြီးထဲ ဒီမီးတွေ
ဒီဂျေခေတ်ကြီးထဲ ဒီရေတွေ
မင်းကြည့်လိုက် သူငယ်ချင်း
လန်းထွက်နေတဲ့အဝတ်အစားတွေ/ဖက်ရှင်တွေ/စိတ်ဓာတ်တွေထဲညပ်ပါသွားတဲ့ခေတ်ကြီး
တံတားတွေမိုင်းနဲ့မချိုးဘဲအစင်းစင်းကျိုးလို့ရတယ်
လေယာဉ်ပြေးလမ်းတွေချော်ထွက်သွားသလိုအမြန်နှုန်းနဲ့ပြေးဆောင့်လို့ရတယ်
စကားအသုံးနဲ့ပြောရရင်
အားလုံး/ဆရာကြီးတွေပဲ
အထာနဲ့သမ္ဘာနဲ့တဏှာနဲ့
ဆာနေတဲ့လျှာကြီးနဲ့lineကိုမဆန့်မပြဲဆွဲဖြဲနေတယ်/မင်း/ကြည့်/လိုက်
မင်းအတွက်ဒီခေတ်ကြီးထဲပုန်းစရာရှာလို့တွေ့မလား
ပြေးစရာလမ်း'တော့မရှိဘူးသူငယ်ချင်း
စိတ်ချပါ
ရဲတွေ
ွနောက်ကျမှရောက်လာလိမ့်မယ်
____________________
မောင်သော်တာ

No comments:

Post a Comment