Friday, January 1, 2016

ဂုဏ်သရေရှိသောအလွမ်း ။ ရန်လင်းအောင်



ဂုဏ်သရေရှိသောအလွမ်း
___________________

အဲ့ဒီတုန်းက
မင်းနဲ့တွေ့ရလိမ့်မယ် မထင်ခဲ့ဘူး

အခုလို
မင်းနဲ့ ခွဲရလိမ့်မယ် လုံးဝမထင်မိဘုး 

ကြည့် …
ခဲရာခဲဆစ်ခြေရာတွေ အထင်းသား
ထင်ခဲ့တယ်
တကယ်ထင်မိတယ် 

လမါးထထလျှောက်တတ်တဲ့ အိပ်မက်တွေဟာ
မင့်ဒိုင်ယာရီကြားက
ပန်းခြောက်ကလေးတွေ မဟုတ်လား…
ထားခဲ့
မြင်နိုင်တာတွေအကုန်ထားခဲ့
ယူသွား …
မမြင်နိုင်တာတွေ အကုန်ယူသွား …

မင်းလည်းမင်းစရိတ်နဲ့မင်းပဲလေ
ငါလည်း ငါ့ အကြွေးနဲ့ ငါပေါ့ ကွာ 

ဘာပဲဖြစ်ဖြစ်
ငါတို့ရဲ့ အမှတ်တရတွေက
အသက်ပြင်းကြပါတယ်လေ ။    ။

ရန်လင်းအောင်

No comments:

Post a Comment