Friday, January 1, 2016

ဆောင်းဖြိုည ။ ခက်ဦး



ဆောင်းဖြိုည
________

ဝေဝါးမနေတာသိဖို့
ရွံ့ကြောက်မနေတာသက်သေထူဖို့
အော်ကြဟစ်ကြရွတ်ဆိုကြ
ဟိတ် ! မိစ္ဆာတွေ ရှေ့ဆက်မတိုးနဲ့  
ဟိတ် ! သားရဲတွေ ဘေးရှဲလိုက်ကြ
မီးကို ရဲနေအောင်ဆွထား
ထင်းစတွေ ရှေ့တိုးထိုင်ကြ
ပုခုံးဖက်လက်တွေမဖြုတ်သမျ
အနွေးဓာတ်မဆုတ်ဘူး
အလင်းမလျော့ဘူး      
ရင်ဆက်တံတား ပြုတ်မသွားဘူး
ကဗျာ မငြိမ်းစေရ
ကဗျာ့မီးတောက်တွေမငြိမ်းစေရ
နေခြည်စစ်စစ်မဖြာခင်
အမှောင်နဲ့အညစ်မကွာခင်
ဘယ်   တော့     မှ
ပွဲ        
မသိမ်းစေ              
ရ                         ။  ။

ခက်ဦး
၂၅ .၁၂ .၂၀၁၅

ရေနီ ၊ တောင်ဖီလာ ကဗျာရွတ်ပွဲ အမှတ်တရ

No comments:

Post a Comment