Sunday, February 7, 2016

တရား ဓမ္မ - ၂ - ချောဘသစ်



တ ရား ဓ မ္မ - ၂ 

___________________________________

သံသရာကိုယုံကြည်သူမို့
ဘဝမှာ ခေတ်ပျက်သူဌေးကြီးလည်းမဖြစ်ချင်ခဲ့ ။
"ထမင်းတစ်လုတ်အတွက် ထင်းခုတ်စားမယ်"ဆိုတဲ့
"ဆရာလွန်း"ရဲ့ "လျှာပေါ်မြက်ပေါက်ဝါဒီ "
ဟော့ဒီလောကထဲ
မျက်နှာငယ်ချင်ငယ်စေတော့ ။

ကျား,ကျားချင်း
ဓါး,ဓါးချင်း ယှဉ်ရဲပေမယ့်
လောဘကို မယှဉ်ရဲ
ဒေါသကို မယှဉ်ရဲ
မောဟကို မယှဉ်ရဲ
ကျွန်တော်ဟာ မရဲဝင့်သူပါ"မေမေ" ။

ခေတ်ကတောင်းဆိုလို့ စာတတ်ခဲ့တယ်
စိတ်ကတောင်းဆိုလို့ ချစ်တတ်ခဲ့တယ်
"Sympathy is the best of my religion ."
အခု!
ကိုယ်ချင်းစာတရားက တောင်းဆိုနေတယ်
စစ်မှန်သော "ငြိမ်းချမ်းရေး"ကို ...။ ။

ချောဘသစ်

( ၂၀၁၄ )

No comments:

Post a Comment