Sunday, February 7, 2016

သုံးဆယ့်ငါး - အိဖြူ


သုံး ဆ ယ့် ငါး

____________________

နံရံပေါ် ပြက္ခဒိန်တွေ
တိုးလာခဲ့

ထမ်းပိုးသူ ကမ္ဘာမြေ
ပို လေးလာခဲ့

ဖြစ်တည်မှုက
ဆယ်စု သုံးခုနဲ့တစ်ဝက်
ဘာတွေကမ်းလို့

ဘာတွေကို လှမ်းပြီးပြီလည်း
ဆန္ဒတွေ ထုဆစ်ဖို့
လက်ကျန်ချိန် မတွက်ဆတတ်ခဲ့

အများကြီး မဟုတ်တဲ့
တစ်ခုလောက်ပဲ
ချန်ထားခဲ့ချင်သူ

သို့သော်လည်းပေါ့
ဆန္ဒက လက်သီးလက်မောင်းတန်းချိန်
ထမ်းပိုးခံ ကိုယ်တိုင်က
ပျင်းရိအိကျ … …

ထမင်းလည်း မဆာပါဘူး
ငါးအများကြီးလည်း မဖမ်းမိဘူး
သင်္ချာမှာလည်း အမှတ်မများဘူး
အင်း ဖုန်းတော့ဆက်ရမယ်
ဘူတာဝင်ချိန် မသိပေမယ့်
ဒီရထားစီးရမယ်လို့
ကိုယ်တိုင် သိနှင့်နေခဲ့လို့လေ။    ။

အိဖြူ

No comments:

Post a Comment