Thursday, February 4, 2016

တရားဓမ္မ - ၁ ၊ ချောဘသစ်



တ ရား ဓ မ္မ  - ၁ 

____________________________

လက်သီးကိုဆုပ်ပြီး အားရပါးရထိုးချလိုက်
ဟော့ဒီမှာ ပထဝီ
ဟော့ဒီမှာ အာပေါ
ဟော့ဒီမှာ ဝါယော
ဟော့ဒီမှာ တေဇော
ဓာတ်ကြီးလေးပါးဟာ...
ဘယ်တော့မှဓာတ်မပြယ်ဘူး ။

လက်သီးကိုဆုပ်ပြီး အားရပါးရထိုးချလိုက်
ဟော့ဒီမှာ သမုဒယ
ဟော့ဒီမှာ ဒုက္ခ
ဟော့ဒီမှာ မဂ္ဂ
ဟော့ဒီမှာ နိဂြောဓ
သစ္စာလေးပါးဟာ...
ဘယ်တော့မှသစ္စာမဖေါက်ဘူး ။

အမျိုးကောင်းသားအပေါင်းတို့ နားစွင့်ကြ !
ငွေသံကြေးသံတချွင်ချွင်နဲ့
"အဂတိ"တရားတို့ရဲ့ ဈာပနတေးသံ
နားနဲ့ဆတ်ဆတ်ကြားရချိမ့် ။ ။

ချောဘသစ်

( ၂၀၀၄ )

No comments:

Post a Comment