Thursday, February 4, 2016

ဇာ တ် ည - လွင်နောင်နောင်

desgin  -  yla 


ဇာ တ် ည

______________________

ကရောင်းချီ
ဇာတ်ပွဲခင်း နှဲ ပတ်မကြီး ဗေထိ ။

ဖျာတစ်စိတ်
မီးဖိတ်ဖိတ်လဲ့ဖြာ
အပြာ အနီ အဝါ အစိမ်း
နတ်ယိမ်း။

ဘုရားကန်တော့
ဟစ်ဟော့ဒီဂျေ
ပဏာမအပေး
ခေတ်ဟောင်းတေးအနည်းငယ်။

အော်ပရာအဖွင့်တီးလုံး
ပြုံးစရာ
ပညာ ပညာ ပညာ။

စတိတ်ရှိုး
ပိုး ပိုး ပိုး
ဒရမ်အပျိုး အမျိုးမျိုးအဖုံဖုံ အသံကုန်ဟစ်
လျှပ်စစ်ဂစ်တာ ကီးဘုတ်လက်စွမ်းပြ
ည ည ည
လှချင်ယောင်ဆောင်နေပုံ။
အငြိမ့်
လှိမ့်နေအောင်ရယ်
လူပြက် လူရွှင်တော် လူရှုပ်
ဇာတ်ထုပ်ထဲ တဝဲလည်။


ညပေါ့
မိတ်ကပ်အပေါ်ယံ
ဂီတသံဖုံး
အာရုံမကျင်းမီ
ညီချင်ယောင်ဆောင်သော
လောက   ။                ။

           လွင်နောင်နောင်

(4-2-2016သာဂရမြို့ ဟားငါးကောင်ဇာတ်ခုံပေါ်ရေးသည်)

No comments:

Post a Comment