Thursday, March 3, 2016

အရပ်သား - မောင်သော်တာ





အရပ်သား

________________________

မီးလန့်စာ'စား
နေ့စားငွေရှင်းမှဆန်ပြေးဝယ်ချက်ရတဲ့ဘဝတွေ
သက်ကယ်ပျစ်၂ပျစ်လုံရင်  အဲဒါအမိုး
ကြမ်း၇ချောင်းကောင်းရင် အဲဒါအခင်း
ခွေးမတိုးသူခိုးမဝင်နိုင်ရုံကာထားတဲ့
တဲနန်းပြဿဒ်မှာ
်ကြယ်တွေစုံပေမယ့်
အလင်းမြုံနေရှာတယ်
ဖုန်နံ့မီးခိုးနံ့တွေစွဲနေတဲ့
ဝတ်ကောင်းစားလှတွေနဲ့
ရပ်နေတဲ့ခြေအောက်မှာ
ပြေးစရာမြေ' မကျန်တော့ဘူး
ရန်သူမျိုး၅ပါးကိုသူတို့အသားကျလွန်လွန်းလို့်  ။  ။      

မောင်သော်တာ

၂၇  ၂  ၂၀၁၆


No comments:

Post a Comment