Thursday, March 3, 2016

မြတ်ဗုဒ္ဓ - လင်းသက်ငြိမ်



မြတ်ဗုဒ္ဓ

___________________

ရှေ့တော်မှောက်မှာ
အဝိဇ္ဇာရဲ့ သားကောင်များ
မီးကျီမီးခဲတွေလို အပူအပင်တွေတရဲရဲ
ပြုံးရင်းပျော်ရင်း  ဆုတောင်းကြ
ငိုကြွေးပူဆွေးရင်းဆုတောင်းကြ
ဆုတောင်းတွေက ရင်ပြင်တော်ထက်
ချော်ရည်တွေလို ဆူပွက်စီးကျ
ရုပ်ပွားတော်မြတ် ပြုံးတော်မူနေတယ်
မြတ်ဗုဒ္ဓ ပြုံးတော်မူနေတယ် …  …

လင်းသက်ငြိမ်

No comments:

Post a Comment