Thursday, March 3, 2016

ကြွေ ပွင့် - မောင်ကြူးရင့်



ကြွေပွင့်

__________________

ခုနှစ်စဉ်ကြယ်ပြောင်
အမြီးထောင်တဲ့ ည
လ ကလည်း  အ  လို့
လမ်းကလည်းတွန့်လိမ်လို့
အနက်ရောင်ကားပေါ်က
ဆံမြိတ်ပြေ သွေးဆုတ်နေတဲ့
ပန်းကလေး တပွင့်
လွင့်စင် ကျလာ
ကားမီးရောင်ထဲ
တိုးဝင် ပျောက်ဆုံးသွာတဲ့အခါ
အရာရာဟာ ကျကျန်ခဲ့တော့တယ်။            ။

 မောင်ကြူးရင့်

No comments:

Post a Comment