သုံးဝဥတု ဥတုသုံးပါးပိုင်းခြား၍
ဝိပဿနာရှုနည်း
(၁) နှစ်စီဖြင့် ပိုင်းဖြားရှုပွားပြီးနောက် (၁) နှစ် (၁)နှစ်မှာ ဥတုက ၃ ဥတု ၃ ဥတု ရှိတယ်။ ၃ ဥတုဆိုတာ (၁)တန်ဆောင်တိုင်လပြည့်ကျော် (၁)ရက်က စ၍ တပေါင်းလပြည့်တိုင်အောင် ဆောင်းဥတု၊ (၂) တ ပေါင်း လ ပြည့် ကျော် (၁) ကစ၍ ၀ါဆိုလပြည့်တိုင်အောင် နွေဥတု၊ (၃) ၀ါဆိုလပြည့်ကျော် (၁)ရက် ကစ၍ တန်ဆောင်တိုင်လပြည့် တိုင်အောင် မိုးဥတု လို့ခေးတယ်။ ဒီတော့ ဥတုသုံးပါးနဲ့ ပိုင်းပြီး စ .......................
ဆောင်းဥတု (၄) လ ၌ဖြစ်သော ရုပ်နာမ်တရားတို့သည် နွေဥတု (၄) သို့ မလိုက်ပါ။ ထိုဆောင်းဥတု (၄) လ၌ သာ လျှင် ချုပ်ပျောက်သောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတကား ။
နွေဥတု (၄) လ ၌ဖြစ်သော ရုပ်နာမ်တရားတို့သည် မိုးဥတု (၄) သို့ မလိုက်ပါ။ ထိုမိုးဥတု (၄) လ ၌သာလျှင် ချုပ် ပျောက်သောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတကား ။
မိုးဥတု (၄) လ ၌ဖြစ်သော ရုပ်နာမ်တရားတို့သည် ဆောင်းဥတု (၄) သို့ မလိုက်ပါ။ ထိုမိုးဥတု (၄) လ၌ သာ လျှင် ချုပ်ပျောက်သောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတကား ။
(ဤကဲ့သို့ ရှုပွားကြရပါမယ် ။)
ဆက်လက်ဖေါ်ပြပါဦးမယ် ။
ပုညသင်္ဂဟ ဦးဝိမလ
No comments:
Post a Comment