လပြည့် ည
ခွဲတမ်းအရ
စုံလုံးကန်းလေလွင့်ခွေးနက်မ
ချိုင့်ခွက်နဲ့ ချောင်ကြိုချောင်ကြားထဲ
ပုန်းလျှိုးကွယ်လျှိုးအမြီးလေးကုပ်
ချွတ်နင်းသွားနေရ ။
ဝေစုအရ
စပရေဘူး ငွေမှင်အပြည့်
ဝှေ့ယမ်းမြင့်တက်
ယုန်ကလေး၊ ခလုတ်ကစားကာ
နှိပ်ချလိုက်
ရေကုန်ရေခမ်းပဲ ။……………..။
ရန်လင်းအောင်
၂၀၀၄ခုနှစ်၊ မတ်လ
သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း။
No comments:
Post a Comment