Monday, September 10, 2012

လေးကျွန်းမြေ၏ ဓမ္မဒါန (၆)




ရတုခြောက်သွယ်  ရတု (၆) ပါးပိုင်းခြား၍ 
ဝိပဿနာရှုနည်း
(၁) နှစ် (၁) နှစ်၌ (၂) လ ကို ရတုတစ်ခု ၊ (၂) လကို ရတုတစ်ခု ဖွဲ့လိုက်လျှင် (၁)နှစ် (၁)နှစ်မှာ ရတု (၆)ပါး၊ (၆)ပါးဖြစ်တယ်၊ ရတုဖွဲ့ပုံက ဥတု (၁)ပါးလျှင်  ဥတု (၂)ပါးဖွဲ့ရတယ် ၊ ဖွဲ့ပုံကား ..............

(၁)    ဆောင်းဥတု တန်ဆောင်တိုင်လပြည့်ကျော် (၁) ရက်က ပြာသိုလပြည့်တိုင်အောင် (၂)လကို ဟေမန္တရတုလို့ ခေါ်တယ် ။
(၂)    ဆောင်းဥတု နောက်ပိုင်းပြာသိုလကျော် (၁) ရက်က တပေါင်းလပြည့်တိုင်အောင် (၂) လကို သိသိရ ရတု လို့ခေါ်တယ် ။
(၃)    ၎င်းနောက် နွေဥတု တပေါင်းလပြည့်ကျော်(၁) ရက် က ကဆုန်လပြည့်တိုင်အောင် (၂)လ ကို ၀သန္တရတု လို့ခေါ်တယ် ။
(၄)    နွေဥတုနောက်ပိုင်းကဆုန်လပြည့်ကျော် (၁) ရက်က ၀ါဆိုလပြည့်တိုင်အောင် (၂) လကို ဂိမှရတု လို့ခေါ် တယ် ။
(၅)    ၎င်းနောက် ၀ါဆိုလပြည့်ကျော် (၁) ရက်က တော်သလင်းလပြည့်တိုင်အောင် (၂) လကို ၀ဿာနရတု လို့ခေါ် တယ် ။
(၆)    မိုးဥတုနောက်ပိုင်း တော်သလင်းလပြည့်ကျော် (၁)ရက်က တန်ဆောင်တိုင်လပြည့်ကျော်တိုင်အောင် (၂) လကို သရဒရတုလို့ခေါ်တယ် ။
        ဤကဲ့သို့ ရတု (၆) ပါးကို မှတ်သားပြီး ရှုရမည်မှာ  ..........
        ဟေမန္တရတု (တန်ဆောင်တိုင်လပြည့်ကျော်(၁) ရက်မှ ပြာသိုလပြည့်တိုင် ) ၂ လ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် သိသိရရတု(ပြာသိုလပြည့်ကျော် (၁) ရက် မှ တပေါင်းလပြည့်) ၂ လ သို့မလိုက်ပါ။ထို ဟေမန္တ ရ တု (၂)လ ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတ ကား။
သိသိရ ရတု  ၂ လ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် ၀သန္တရတု ၂ လ သို့မလိုက်ပါ။ထို သိသိရရတု (၂)လ ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတ ကား။
ဝသန္တရတု  ၂ လ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် ဂိမှရတု ၂ လ သို့မလိုက်ပါ။ထို ၀သန္တရတု (၂)လ ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတ ကား။
ဂိမှ ရတု  ၂ လ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် ၀ဿာန ရတု ၂ လ သို့မလိုက်ပါ။ထို ဂိမှ ရတု (၂)လ ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတ ကား။
ဝဿာန ရတု  ၂ လ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် သရဒ ရတု ၂ လ သို့မလိုက်ပါ။ထို ၀ဿာနရတု (၂)လ ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတ ကား။
သရဒ ရတု  ၂ လ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် ဟေမန္တရတု ၂ လ သို့မလိုက်ပါ။ထို သရဒရတု (၂)လ ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတကား။
                        (ဤကဲ့သို့ ရှုပွားကြရပါမယ် ။)

၁၂ လ ပိုင်းခြား၍ ၀ိပဿနာရှုနည်း
        (၁) နှစ်လျှင် ၁၂ လရှိကြောင်း အားလုံးအမည်နှသ့်တကွ သိရှိပြီး ဖြစ်ကြသည်။ လ ဖြင့်ပိုင်းခြား၍ ၀ိပဿနာ ရှုဟန်မှာ - - -
        တန်းခူးလ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် ကဆုန်လသို့ မလိုက်ပါ ။ ထို တန်ခူးလမှာပင် ချုပ်ပျောက်ကြ သောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတကား။
        (ဤနည်းအတူ လအစဉ်အတိုင်း ရှုပွားရမည်ဖြစ်သည်။)
        တပေါင်းလ ၌ဖြစ်သော ရုပ်နာမ်တရားတို့သည်  နောက်နှစ်တန်ခူးလသို့ မလိုက်ပါ။ ထိုတပေါင်းလမှာပင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတကား။
                                   ( ဤကဲ့သို့ ရှုပွားရပေမည် ။)


လကွယ်လဆန်း တစ်လလျှင် ၂ ပိုင်းခွဲ၍ ၀ိပဿနာရှုနည်း
        တစ်လတစ်လလျှင် လဆန်း+လဆုတ် ၂ ပက္ခ မှတ်သား၍ ၀ိပဿနာရှုရပါမည် ။ ရှုပုံမှာ - - - - - -
        လဆန်း ပက္ခ၌ဖြစ်သော ရုပ်နာမ်တရားတို့သည် လဆုတ်ပက္ခသို့ မလိုက်ပါ။ ထို လဆန်းမှာပင် ချုပ်ပျောက် ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတကား။
        လဆုတ် ပက္ခ၌ဖြစ်သော ရုပ်နာမ်တရားတို့သည် နောက်တစ်လသို့ မလိုက်ပါ။ ထို လဆုတ်ပက္ခမှာပင် ချုပ်ပျောက် ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခတို့ပါ တကား၊ အနတ္တ တို့ပါတကား။
                ဤကဲ့သို့ ရှုပွားရပါမယ်။
                ဒိဝန်း + ရတ္တိ = နေ့အချိန် ၃ ပိုင်း
                ညဉ့်အချိန် ၃ပိုင်းထား၍ ပွားပုံ
                (ဒိဝန်း - နေ့၊ ရတ္တိ - ညဉ့်) နေ့၌ နံနက်အခါ၊ နေ့လယ်အခါ၊ ညနေချမ်းအခါ ဟူ၍ သုံးပိုင်းပိုင်းထား၊ ညဉ့်၌ ညဉ့်ဦးယံ၊ သန်းခေါင်ယံ၊ မိုးသောက်ယံ ဟူ၍ သုံးပိုင်းပိုင်းထားပြီး ရှုပွားရပါမည်။ ရှုပွားပုံမှာ - - - - - - - -
        နံနက်အခါ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် နေ့လယ်အခါသို့ မလိုက်ပါ ။ ထို နံနက်အခါ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        နေ့လယ်အခါ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် ညနေချမ်းအခါသို့ မလိုက်ပါ ။ ထိုနေ့လယ်အခါ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        ညနေချမ်းအခါ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် ညဦးယံအခါသို့ မလိုက်ပါ ။ ထို ညနေချမ်းအခါ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        ညဦးယံအခါ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် သန်းခေါင်ယံအခါသို့ မလိုက်ပါ ။ ထို ညဦးယံအခါ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        သန်းခေါင်ယံအခါ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် မိုးသောက်ယံအခါသို့ မလိုက်ပါ ။ ထို သန်းခေါင်ယံအခါ ၌ သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
                        ( ဤကဲ့သို့ ရှုပွားရပါမယ် ) ။   
                                    ဆက်လက်ဖေါ်ပြပါဦးမယ် ။
                                      ပုညသင်္ဂဟ ဦးဝိမလ

No comments:

Post a Comment