Wednesday, March 25, 2015

မျက်လှည့်ပွဲ ။ ကိုသားကြီး













မျက်လှည့်ပွဲ 

________
လက်လုပ်လက်စား ဘဝထဲ
ဆန္ဒ ကို ရွှေဖြစ် ငွေ ဖြစ် အဂ္ဂိရတ် ထိုးကြည့်တော့
ငြိမ်းချမ်းရေး ချိုးကူသံများ ကြားရတော့ မလိုလို
နေ့ချင်းညချင်း ကြီးပွားတော့ မလိုလို
မျှော်လင့် ချက် အိမ်တစ်ဆောင် မီးတစ်ပြောင်က
အလင်း ယိုင်ယိုင် ကြား
အခုထိ သရိုးမစွဲ သေးဘူး ။       ။

                                          ကိုသားကြီး
                                    2014,Oct, ကလျာမဂ္ဂဇင်း

No comments:

Post a Comment