Sunday, August 9, 2015

အ ရိ ပ် ၊ ဇေရ


အရိပ်

*******
ကလေးတွေ
ခွေးတွေဝိုင်းဟောင်နေလိုက်ကြတာ
သုံးယောက်
အင်္ကျီ မပါ ဖိနပ် ဗလာ
ဆံပင်နီကျင်ကျင်
ကပိုကရို
ဒါက နှလုံးသားချုပ်ရိုး။
စားပွဲထိုးလေးက
သူကျင်လည်ခဲ့ဖူးတဲ့
လက်ဖက်ရည်ဆိုင်ဘဝတွေအကြောင်း
အသက်နဲ့တောင်မဆံ့ဘူး
မိုးစုန်းစုန်းချုပ်နေတာတောင်
အိမ်မပြန်နိုင်သေးတဲ့သီချင်းတွေ။
အဖြူအစိမ်းလေး
ဟိုး...ခပ်ဝေးဝေးမှာလွင့်တဲ့တိမ်
မာတိကာပေါ်ကျော်ကြည့်လိုက်
မှင်နီပြခံထားရတဲ့စာမျက်နှာတွေ
ကလေးတွေ
ဘဝက ပေရေနေလိုက်ပုံများ
လက်ထဲမှာတစ်ပတ်နွမ်းဈေးဗန်းလေးကိုင်လို့
သုံးယောက်
အင်္ကျင်္ီ ဗလာတွေချည်းပဲ
တစ်ယောက်ကတော့
ဖိနပ်မြီးတိုလေးဆင်မြန်း
ကျန်တာက
ဖိနပ်မပါ ဗလာတွေ။

                         ဇေရ


No comments:

Post a Comment