Sunday, August 9, 2015

ငါဟာ လူငယ်-ကိုသားကြီး


ငါဟာ လူငယ်


နောက်မှာ
ကျောကို ထောက်ထားပေးမယ့် အခံ
မလိုဘူး ငါဟာ လူငယ် ။
ရထား လို ကုန်တွဲတွေ ဆွဲသွားစရာ
ထပ်မချိတ်ထားဘူး ငါဟာ လူငယ်။
မိဘက လွဲရင်
အိမ်အပြန်နောက်ကျမှာကို စိတ်ပူမယ့်သူ
မ သေချာဘူး ငါဟာ လူငယ်။
ကြိုးကိုင်ခံရမယ့်အထဲ ရုပ်သေးလည်း မဟုတ်ဘူး ငါဟာ လူငယ် ။
မှားနေရင်
မှားတယ်လို့ အမှန်အတိုင်း ပြောဖို့
ပူစရာ မျက်နှာ
မပါဘူး ငါဟာ လူငယ် ။
အာရုံ ကျရာ စိတ်လိုလက်ရ လုပ်နေ တော့
ခူးပြီးသားအသင့် ထမင်းဝိုင်း
ဝင်ထိုင် စရာ မလိုဘူး ငါဟာ လူငယ်။
တရား သော လမ်းအတွက်
ခြေထောက်တွေကို လှမ်း ရမှာ
မနှေးဘူး ငါဟာ လူငယ် ။
အလင်း စ တွေ အားကောင်းစေဖို့
အတ္တ ကို စွန့်ရခြင်းမှာ
လက် ဆ မသေးဘူး ငါဟာ လူငယ် ။
အသက်ငယ်ငယ်
အတွေ့အကြုံ ငယ်ငယ်
မျှော်လင့်ချက် မငယ်ဘူး ငါဟာ လူငယ်။
လုပ်ပေးခွင့်ရ သလောက်
ဦးနှောက်နဲ့ နှလုံးသား
နစ်ထားတယ်
အိတ်ကပ် မပါဘူး ငါဟာ လူငယ် ။
ခံစားမှု ငယ်ငယ်
ကြီးစိုး မှု ငယ်ငယ်
အနာဂတ်အိပ်မက်မငယ်ဘူး ငါဟာ လူငယ်။
လူငယ်တွေကို ချစ်မက် တဲ့ စိတ် က
ညီညွတ်ခြင်းနဲ့
ဖခုံးဖက်ထားဆဲ ငါဟာလူငယ် ။
လှိုင်း ဂယက် မှာ လွတ်လပ်မှုကို ရှာမယ်
ရေသေ မှာ
မကူးခပ် ဘူး ငါဟာ လူငယ် ။
သူတစ်ပါး မျက်ရည် ကျတဲ့ ထမင်းကို
မစားဘူး ငါဟာ လူငယ်။  
ဆံပင် ရှည် အရောင်ဆိုးရတာ ကြိုက်တယ်
ရော့ခ် သီချင်းကို ကြိုက်တယ်
မြို့ မငြိမ်းကို
မေ့ ထားလို့ မရဘူး ငါဟာ လူငယ်။
လူငယ် ဆိုတော့
အနာဂါတ်အိမ်မက်တွေကို
အဆုံးစွန်ထိလွှတ်ကျောင်းထားရမယ်
ငါဟာလူငယ် ။
လူငယ်တွေကို လူငယ်တွေလို
ချစ်တယ်    
ငါဟာ လူငယ် လို လူငယ် ……

                                                 ကိုသားကြီး





                         ကိုသားကြီး

No comments:

Post a Comment