Sunday, August 9, 2015

တော်ရုံရွာပါ့ မိုးနတ်သား ၊ မင်းညွန့်လှိုင်

တော်ရုံရွာပါ့  မိုးနတ်သား

_________________

အငြှိုးကြီးကြီး မပြီးနိုင်မစီးနိုင်
ရွာပဲရွာနိုင်လွန်းတယ်မိုး ။

လက်လှုပ်မှပါးစပ်လှုပ်ရတဲ့
လက်လုပ်လက်စားတွေရဲ့မီးဖိုချောင်မှာ
မီးခိုးတိတ်မှာစိုး ။

အငြှိုးကြီးကြီး မပြီးနိုင်မစီးနိုင်
ရွာပဲရွာနိုင်လွန်းတယ်မိုး ။

ရေနစ်နေတဲ့ဘဝတွေ
ရင်ထဲလောင်တဲ့မီးတောက်တွေ
ငြိမ်းစေချင်ပြီမိုး ။         ။

မင်းညွန့်လှိုင်

No comments:

Post a Comment