Sunday, August 9, 2015

ငါတို့ မိသားစုမှာဖြစ်တဲ့ ရေဘေး -ကိုသားကြီး


ငါတို့မိသားစုမှာဖြစ်တဲ့  ရေဘေး


အ ဖေမတူ အ မေ ကွဲပေမယ့်
တစ်မိတည်းသား ဆွေမျိုးရင်းခြာတွေလို
ငါတို့ဟာ ညီအစ်ကိုတစ်တွေဖြစ်တော့
လက်သည်းဆိတ်ခံရရင် လက်ထိပ်မက
နှလုံးသားအထိနာ တယ် ။
အ ဝေးတောင် တန်းပေါ်မှာနေတဲ့
အထက်အညာမှာနေတဲ့
အလယ်ပိုင်းလွင် ပြင် မှာနေတဲ့
ဟိုးးးးးးပင် လယ်ပြင် အနား
ကမ်းရိုးတန်းမှာနေတဲ့ ငါတို့မိသားစုတွေ
ငါတို့မိသားစုတွေ့ 
ငါတို့မိသားစုတွေဟာ အိမ်ပြန်ချိန်ကို သတိတရငိုလို့။
အားငယ်လို့ စိုနေတဲ့ မျက်ဝန်းများ ကျိန်းစပ်နာ
မျက် ရည်သုတ်မယ့်လက်လည်း
ရေစိုနေတုန်းပေါ့။
ကြားနေမြင် နေရတာတွေက ငါတို့ရွာလေးမြုပ်သွားပြီ
အသက်မဲ့အ လောင်းတွေပေါ်လာ။
အခုချိန်ဟာ
မြေမြှုပ်စရာမလိုအောင် ရေတွေ မြုပ် နေ
အစုလိုက် အပြုံလိုက်တိုက်စားပဲ့ထုတ်သွား
ရေဟာ အသားစား ဓားပြဆိုးကြီးလို။
ငါတို့ရဲ့နှလုံးသားတွေ မိသားစုစိတ်နဲ့
တုန် ရီမောဟိုက်။
ထမင်းအသက် ခုနှစ် ရက်ကို
အရွဲ့တိုက်လိုက်တော့
ရွာမှာဘယ်သူတွေ ကျန်ခဲ့သေးလဲ
ကျွန်မသားလေးကို ကယ်ကြပါအုံး။
စက်လှေတွေ မ မောင်းရဲတော့ဘူးဆိုတဲ့
အသံများ ငါတို့အနားမှာ
နားတွေလျံ အောင် ကြားနေရ။
စိတ်မ အေးနိုင် တဲ့ နုံးရေစိုလက်စ ဘဝ တွေ ဒုက္ခနဲ့ပူလောင် ကျွတ်ခြောက်။
ရေကြည်တစ်ပေါက်မျှ မ သောက် ရဘူး
ရူးလောက် ရဲ့ ။
ငါတို့မိသားစုမြင် ကွင်းတွေ
ရုတ်တရက် တွေ့ကြုံရ တော့
ည ည ဆို ရှိုက်သံသဲ့သဲ့နဲ့
မှောင် မိုက်ထဲ ငုတ်တုတ်နေရ
နေ့လိုဖြစ်ကြတဲ့ည တွေ ရေတွက်မထားချင် ဘူး
တကယ်ကိုဘုရားစူးရ စေရဲ့ဗျာ။
အဲ့ဒီပြကွက် ငါတို့စိတ်နဲ့ အနီးတစ်ဝိုက်ထဲ
ဖြစ်ခဲ့တယ်။ ဖြစ်နေတယ် ။
ခင် ဗျားတို့စိတ် အနား ဖြစ်နေ
ရှိနေမလား။
သူတို့ဟာလည်း ငါတို့တစ်တွေ ကိုယ်တိုင် ပါပဲ။
ညီအစ်ကို မောင် နှမအရင်းတွေလို
ချစ် ရ ခံစားရတဲ့ ငါတို့အားလုံးရဲ့ဆွေမျိုးတွေ။
ငါတို့ဆွေမျိုးတွေ ရေနဲ့ ဘေးဖြစ်တယ်။
ရေ ဘေးဟာ ငါတို့မိသားစုမှာဖြစ်တယ်။
ရေ ဘေးဟာ ငါတို့စိတ်နှလုံးမှာဖြစ်တယ်။
အဲဒီတော့
ရှင် ပြီးရင် သန်နေ စေချင် တဲ့
အသက်များကို
လင် သေမုဆိုးမလိုဖြစ်တဲ့ ငါတို့တိုင်းပြည်မှာ
အဖမဲ့သားသမီးတွေလို ငါတို့မောင် နှမ တွေ လက်တစ်ဖက် က လက်တစ်ဖက်ကို
ဆွဲတင် စောင့်ရှောက်ဖို့
ဆုပ်ထားတဲ့ ထမင်းတစ်လုပ်ကို
မျှဝေ ကျွေးနိုင် ဖို့
ရှိထားတဲ့ ရေတစ်ဗူးကို
တစ်ငုံစီလောက်သောက်နိုင် ဖို့
ဝတ်ထားတဲ့အဝတ်တစ်စ
နွေးထွေးမှုဖြစ်စေဖို့
ဦးနှောက်နဲ့နှလုံးသား
လုပ်အားများအပြည့်စိုက်ထည့်
ငါတို့မိသားစုမှာဖြစ်တဲ့ရေ ဘေး
ငါတို့ကူညီဖေးမမှဖြစ်မယ်။
ငါတို့ ကူညီဖေးမမှဖြစ်မယ်  
ငါတို့ ကူညီဖေးမမှဖြစ် တော့မယ် ။         ။

ကိုသားကြီ်း

No comments:

Post a Comment