အဆွေးဓါတ်ခံတယော
အောင်လွန်းမြိုင်
သီချင်းကချင်းချင်းနီ
သာယာသောတေးသံသာပဲ
လွင့်စင် အမှိုက်နဲ့ ဖုံမှုန်အစအန
သူတို့အခန်းထဲလင်းမြ
မပျော်ရွှင်တဲ့ ဘ၀ထဲလင်းမြ
မပျော်ရွှင်တဲ့ဘ၀ထဲမွှေး
မမြင်ရသေးတဲ့ ကောင်းကင်မှာ
စပယ်ပွင့်လိုကြယ်အသစ်တွေတပ်ဆင်
သွေးနဲ့ယှက်ဖောက်ထားတဲ့သင်္ကေတနဲ့
ငါတို့ဘ၀ကိုယ်ထည်ပေါ်
ဘိုးတံထိတွေ့ကျရောက်တဲ့အခါ
အမည်မသိအောင်တိတ်ဆိတ်ဆွံ့အ မနက်ဖြန်များ
………….။ ။
အောင်လွန်းမြိုင်
အလင်္ကာဝတ်ရည် မဂ္ဂဇင်း
ဇွန်လ၊ ၂၀၁၀ တွင်ဖေါ်ပြပြီး ။
No comments:
Post a Comment