Tuesday, August 21, 2012

 






 

 

ငါး

ငါဘယ်ကိုသွားသွား
ဘယ်မှမရောက်တော့သလို
ချစ်မိသလောက်တော့
အလွမ်းရဲ့ သူလျှို ချည့်သာတွေ့ရတယ် ။

ခေါင်းအေးအေး
သွေးအေးအေး
ငါ့ ဗီဇမှာ
ငါ့ နှလုံးသားက
အိမ်ယာမဲ့တစ်ယောက်ပမာ . . . . . . . . .
မြစ်၊ ချောင်း
အင်း၊ အိုင်၊ ပင်လယ်၊ သမုဒ္ဒရာ
ဘာပဲပြောပြော
ရေသံကြားရာ အလျားဆန့်ရတဲ့
ငါ့ နာမည် 

မမြင်ရတဲ့လေမှာ
အသက်ဆက်လို့
မမြင်ရတဲ့ရေမှာ
လူးလွန့်လို့
ရေ၀င်္ကပါ၊ လေ၀င်္ကပါ
ကူးခတ်မိပြီးမှ
ကူးခတ်နည်းကို အသင်္ချေ အသင်္ချာ
ပြန်စဉ်းစားရ၊ စိတ်နာစရာ ၊
ရေ၊ နံရံလို့ တွေးခေါ်ပြီး
ငါက
ငါ့ကိုယ်ငါ မြစ်လို့ တွေးခေါ်မိရာကအစ
မြင်မြင်ချင်းပဲ
မှောင်အတိကျခဲ့တယ် ။ - - - - - - - - -။
ရန်လင်းအောင် 
၂၀၀၈ - သြဂုတ်လ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
တွင် ဖေါ်ပြပြီး ။

No comments:

Post a Comment