Thursday, October 10, 2019

တောင်ကုန်းကလေး - အနီ

တောင်ကုန်းကလေး
_____________________ အ နီ

တောင်ကုန်းကလေးဆိုတာ
တောင်အမြင့်ကြီးမဟုတ်တာဝမ်းသာစရာပဲ။

တောင်အမြင့်ကြီးတွေပေါ်ကျနော်မတက်နိုင်တဲ့အခါ
ကျနော်တက်နိုင်တဲ့တောင်ကုန်းကလေးတွေရှိတယ်။

တောင်ကုန်းကလေးပေါ်ရောက်တဲ့အခါ
တောင်အမြင့်ကြီးပေါ်ရောက်နေသလို
အရာရာကိုအမြင့်ကကျနော်မြင်ရ။

တောင်အမြင့်ကြီးပေါ်ကရှုခင်းတွေထက်
တောင်ကုန်းကလေးပေါ်ကရှုခင်းက
ကျနော်နဲ့ပိုနီးကပ်။

တောင်အမြင့်ကြီးပေါ်ကအော်တဲ့အသံထက်
တောင်ကုန်းကလေးပေါ်ကအော်တဲ့အသံက
ကျနော့်အတွက်ပိုလတ်ဆတ်။

တောင်အမြင့်ကြီးတွေတွေဆီ
နွေဦးဟာဘယ်တော့မှမရောက်နိုင်ပေမဲ့
တောင်ကုန်းကလေးတွေဆီကိုတော့
ခေါက်တုံ့ခေါက်ပြန်ရှိရဲ့။

လုံလောက်နေပါပြီ...
တောင်ကုန်းကလေးဆိုတာ
တောင်အမြင့်ကြီးမဟုတ်တာ
ဝမ်းသာစရာပဲမဟုတ်လား။ ။

အနီ



No comments:

Post a Comment