Thursday, October 10, 2019

တဖက်ပြီးတဖက် ဆိုးပေ - လွင်နောင်နောင်

တဖက်ပြီးတဖက် ဆိုးပေ
__________________လွ င်ေ နာ င်ေ နာ င်

ညနေစောင်းရင် ဆိုးပေမူးနေပြီ ...
အကြော်သည်အမေကြီးကတော့
ဆီညှော်နံ့တွေကြား
မျက်ရည်တဖက်
ဒုက္ခမီးခိုးတဖက်။

နဲနဲမှောင်လာရင်ဆိုးပေ စဆဲပြီ...
အကြော်သည်အမေကြီးကတော့
အိုးမဲပေနေဆဲ ပါးခွက်ခွက်တဖက်
သောကမျက်ရည်တဖက်။

ညဦးရောက်ရင်ဆိုးပေ ရမ်းကားပြီ...
အကြော်သည်အမေကြီးကတော့
မရှိမဲ့ရှိမဲ့ချက်ထားတဲ့ ကြက်သားဟင်းက တဖက်
မေတ္တာမီးခွက်တဖက်။

ညနက်လာရင်ဆိုးပေရန်ဖြစ်ပြီ...
အကြော်သည်အမေကြီးကတော့
ဘုရားစာရွတ်တဲ့နှုတ်ကတဖက်
သားကိုဆွဲတဲ့လက်ကတဖက်။

တော်တော်မှောင်ပြီးလို့
တော်တော့်ကိုမှောင်နေပြီဆိုရင် ...
အမူးလွန်နေတဲ့ဆိုးပေကတဖက်
မနိုင်မနင်းတွဲနေတဲ့
အကြော်သည်အမေကြီးတဖက်။           ။

 
လွင်နောင်နောင်



No comments:

Post a Comment